၂၀၂၀ ကို ခပ်ပါးပါးလေးဆိုးခွင့်ပြုပါဆိုပြီး ပရိသတ်ထံ ခွင့်တောင်းလိုက်တဲ့ အေးမြတ်သူ

သရုပ်ဆောင် အေးမြတ်သူ လို့ဆိုတာနဲ့ကျစ်လစ်သွယ်လျလှပတဲ့ ခန္ဓာကိုယ်လေးကြောင့် ပုရိသတွေရဲ့အာရုံတွေကို ဖမ်းစားထားနိုင်သူတစ်ဦးဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။

သူမဟာ အနုပညာအလုပ်တွေကို ဆယ်စုနှစ်တွေများစွာတိုင်အောင် ကြိုးစားပမ်းစားလုပ်ကိုင်နေတဲ့ မင်းသမီးချောလေး တစ်ယောက်ဖြစ်သလို ။

ပရဟိတအလုပ်တွေကို အားလပ်ချိန်များတွင် တတ်စွမ်းသရွေ့လုပ်ကိုင်နေတာကြောင့်လည်း ပရိသတ်တွေက လေးစားအားကျနေရတဲ့ မမြတ်လေးဟာ ခရီးထွက်ရတာကို ကြိုက်နှစ်သက်သူပီပီ မကြာခဏဆိုသလို ပြည်တွင်း၊ပြည်ပ ခရီးတွေထွက်လေ့ရှိသူပါ။

ပရိသတ်တွေကိုလည်း သူမရဲ့ခရီးသွားပုံရိပ်လေးတွေ မကြာခဏဆိုသလို ဝေမျှလေ့ရှိပြီး ပရိသတ်တွေကလည်း သူမရဲ့အပြုံးချိုချိုလေးတွေကို ကြွေဆင်းနေရတာပါ။

ဒါ့အပြင် မြန်မာဆန်ဆန်အဝတ်အစားလေးတွေကိုသာ တန်ဖိုးထားဝတ်ဆင်တတ်တာကြောင့်လည်း အားလုံးကချစ်မဝဖြစ်နေရတာပါ။

မနေ့ညကတော့ သူမရဲ့ Instagram လူမှုကွန်ယက်တွင် အမိုက်စားပုံရိပ်လေးတွေနဲ့အတူ စာသားအချို့ရေးတင်ထားခဲ့ပါတယ် ။

ဒါကတော့ ” တစ်ခါတစ်လေ ဒီလိုမျိုးလေးတွေဝတ်မယ်နော် ခွင့်တောင်းတဲ့ ပို့စ်ပါ ချစ်ရတဲ့သူတွေကို…..၂၀၂၀ ကို ခပ်ပါးပါးလေး ဆိုးခွင့်ပြုပါ L ove you all “ ဆိုပြီး ရေးသားထားတာပါ။

ဖေ့ဘုတ်ပရိသတ်တွေအတွက် မမြတ်လေးရဲ့ အမိုက်စားပုံရိပ်လေးကို တင်ဆက်ပေးလိုက်ပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top