မိသားစုကို အချိန်ပေးပြီး ကမ်းခြေကို အပန်းဖြေခရီး ထွက်နေတဲ့ အောင်လအန်ဆန်း

အောင်လအန်ဆန်းဟာ ဆိုရင် ကမ္ဘာ့အလည်မှာ မြန်မာကို ဂုဏ်တက်အောင် အမြဲတမ်း ကြိုးစားပေးနေခဲ့သူ တစ်ဦးဖြစ်ပြီး အောင်လအန်ဆန်းကြောင့်လည်း မြန်မာ ဆိုတာကို တစ်ကမ္ဘာလုံးက နိုင်ငံတွေ တော်တော်များများက ချစ်လာ အားပေးလာကြတယ် ဆိုရင်လည်း မမှားပါဘူး။ လက်ဝှေ့ ထိုးသတ်ပွဲတွေ တိုင်းမှာ အောင်လအန်ဆန်းဟာ အမြဲတမ်းနီးပါး နိုင်ပွဲတွေ ဆက်တိုက် ရယူပေးနေခဲ့ပြီး သူ အနိုင်ရရှိတိုင်းမှာလည်း မြန်မာ့ စပါးအုံးမြွေကြီး အဖြစ် တင်စားပြောဆိုခံရတာနဲ့ အညီ မြန်မာနိုင်ငံအလံကိုပဲ ခြုံပြီး အောင်ပွဲတွေ ခံတတ်သူ ဖြစ်တာကြောင့်လည်း မြန်မာပရိသတ်တွေက အောင်လအန်ဆန်းကို ပိုတိုးပြီး ချစ်ခင် အားပေးကြတာပါ။

အောင်လအန်ဆန်းဟာ ချစ်ဖို့ကောင်းတဲ့ ဇနီးဖြစ်သူနဲ့ သားလေးနဲ့ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေး ပိုင်ဆိုင်ထားသူ ဖြစ်ပြီး မိသားစုကို ကြင်နာတတ်တဲ့ အဖေကောင်း တစ်ယောက်လည်း ဖြစ်ပါတယ်။ အောင်လအန်ဆန်းက သူ့ရဲ့ အားလပ်ချိန်တွေကို မိသားစုနဲ့ပဲ ကုန်ဆုံးတတ်ပြီး အားတဲ့ ရက်တွေမှာ သားလေးကို ကျောင်းလိုက်ပို့ပြီး ဂရုတစိုက်ရှိသူလည်း ဖြစ်ပါတယ်။ မိသားစုကို ချစ်ပြီး အချိန်ပေးတတ်တဲ့ အောင်လအန်ဆန်းက အခုလို အေးချမ်းလှတဲ့ ဆောင်းတွင်းအခါမှာလည်း မိသားစုနဲ့ အတူ နွေးထွေးစွာ ဂရုစိုက် စောင့်ရှောက်ပေးနေပြီး အပန်းဖြေခရီးလေး အတူတူ ထွက်နေတာကိုလည်း တွေ့ရပါတယ်။

အောင်လအန်ဆန်းက သားလေးနဲ့ ကိုယ်ဝန်လွယ်ထားတဲ့ ချစ်ဇနီးနဲ့ အတူတူ ဖလော်ရီဒါ ကမ်းခြေကို အပန်းဖြေခရီး ထွက်နေပြီး မိသားစုနဲ့ ပျော်ရွှင်စရာ အချိန်လေးတွေကို ကုန်ဆုံးလျက် ရှိပါတယ်။ အောင်လက ချစ်ဇနီးနဲ့ သားလေးရဲ့ ဓာတ်ပုံလေးတွေကို သူ့ရဲ့ လူမှုကွန်ယက်မှာ တင်ပေးထားပြီး မြစိမ်းရောင် ပင်လယ်ကြီးကို နောက်ခံထားပြီး ပျော်ရွှင်နေကြတဲ့ မိသားစုလေးရဲ့ အပျော်တွေက မြင်ရသူတိုင်း ရင်ကို ကူးစက်သွားစေမှာ အမှန်ပါပဲ။ အောင်လအန်ဆန်းဟာ လက်ရှိမှာ လက်ဝှေ့ ထိုးသတ်ပွဲ တော်တော်များများကို ယှဉ်ပြိုင် အနိုင်ယူထားပြီး အခုလို အားလပ်ချိန်လေးတွေမှာ မိသားစုကို အပြေးအလွှွှား အချိန်ပေးနေတာလည်း ဖြစ်ပါတယ်။

အောင်လအန်ဆန်းတို့ မိသားစုလေးရဲ့ ချစ်စရာကောင်းတဲ့ ဓာတ်ပုံလေးတွေကို ပြောချင်လွန်းလို့ ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးရော အောင်လကို ချစ်ကြလား။ အောင်လအန်ဆန်းရဲ့ ရှေ့ဆက် ယှဉ်ပြိုင် ထိုးသတ်မယ့် ပွဲတွေကိုရော အားပေးကြမှာလား။ ပြောခဲ့ကြပါဦး။

Unicode

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top