အမျိုးသမီးတွေ အသက်ရလာရင် ဖြစ်လေ့ရှိတဲ့ အရိုးပွရောဂါကို ဒီနည်းလမ်းတွေနဲ့ ကာကွယ်ထားပါ

အမျိုးသမီးတွေ အသက်ရလာရင် ဖြစ်လေ့ရှိတဲ့ အရိုးပွရောဂါကို ဒီနည်းလမ်းတွေနဲ့ ကာကွယ်ထားပါ

ခန္ဓာကိုယ်ဖွဲ့စည်းပုံ အရရော၊ သဘာဝအရပါ အမျိုးသမီးတွေဟာ အသက်ကြီးလာရင် အမျိုးသားတွေထက် အရိုးပါး အရိုးပွရောဂါ ဖြစ်နိုင်ချေပိုများပါတယ်

အရိုးပါး အရိုးပွ ရောဂါဖြစ်လာရင် ကုသရ ခက်ခဲတာကြောင့် မဖြစ်ခင် ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးပါပဲ။ ပျိုမေတို့ ကိုယ်တိုင်လည်း ဖတ်သင့်ပြီး မေမေတို့ကိုလည်း ဒီနည်းအတိုင်း ကျန်းမာရေးစောင့်ရှောက်မှု ပေးလိုက်ပါနော်

(၁) ဆားစားသုံးမှုကို လျှော့ချပါ

တစ်နေ့တာ အစားအသောက်ထဲမှာ ဆားပမာဏ များလွန်းတာက အရိုးဆဲလ်တွေကို တိုက်ရိုက်သက်ရောက်မှု ဖြစ်စေပြီး အရိုးပါး အရိုးပွတာကို စောစောစီးစီး ကြုံတွေ့လာနိုင်ပါတယ်။

(၂) ပရိုတင်းနဲ့ ကယ်လ်စီယံကို လုံလောက်အောင်စားပါ

ပရိုတင်းဓာတ်က အရိုးသိပ်သည်းမှု ကောင်းစေတာကြောင့် နေ့တိုင်းနေ့တိုင်းမှာ အသားကို လုံလုံလောက်လောက် စားပေးရပါမယ်။

အသားမကြိုက်ဘူး ဆိုရင်တောင် အသားဓာတ်ရတဲ့ အစားအစာတွေကို စားသင့်ပါတယ်။ ပြီးတော့ အရိုးသန်မာဖို့ ကယ်လ်စီယံဓာတ်က အလိုအပ်ဆုံးဆိုတာ လူတိုင်းသိပြီးသားပါ

ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ကယ်လ်စီယံကို အများဆုံးရနိုင်တဲ့ အစားအစာတွေကတော့ ဆယ်လ်မွန်ငါး၊ တို့ဖူး နဲ့ပဲငပိတို့ပဲ ဖြစ်ပါတယ်။ နောက်ထပ် အရိုးအတွက် အရေးကြီးတာကတော့ ဗီတာမင်ဒီပဲ ဖြစ်ပါတယ်။

ဗီတာမင် ဒီကိုနေရောင်ခြည်ကနေအများဆုံးရနိုင်တာမို့ မနက်ခင်းဆယ်နာရီမထိုးခင်နေစာလှုံပေးသင့်ပါတယ်

(၃) အရိုးသန်မာစေမယ့် လေ့ကျင့်ခန်းတွေ လုပ်ပါ

အရိုးတွေ အချိန်တွေအကြာကြီး သန်မာနေဖို့ လေ့ကျင့်ခန်းကမဖြစ်မနေလိုအပ်ပါတယ်။ အရိုးသန်မာစေဖို့အတွက် ဝိတ်တုံးလေးတွေ မ တာ၊ လမ်းအနှေး/အမြန်လျှောက်တာ နဲ့ က ခုန်တာတွေကို လုပ်ပေးပါ။

(၄) ကိုယ်အလေးချိန်ထိန်းပါ

ခန္ဓာကိုယ်က ဘယ်လောက် ဝလာလာ အရိုးကတော့ နဂိုအရွယ်အစား အတိုင်းပါပဲ။ အသက်(၃၀)ကျော်ပြီ ဆိုတာနဲ့ အရိုးဖွဲ့စည်းမှုကလည်း အလိုလို ပါးလျလာတာမို့

ခန္ဓာကိုယ်ကြီးလေလေ အရိုးခံနိုင်ရည် နည်းလေလေဖြစ်လာတာကြောင့် အရိုးအက်တာ၊ ကျိုးတာတွေ ဖြစ်လွယ်ပါတယ်။ ဒါကြောင့် ပုံမှန်ကိုယ်အလေးချိန်ရအောင် အမြဲတမ်း ထိန်းထားသင့်တာပါ

(၅) တစ်နေ့ကို ကော်ဖီတစ်ခွက်ထက် ပိုမသောက်ပါနဲ့

သင်ဟာလည်း ကမ္ဘာပေါ်က လူပေါင်းများစွာလိုပဲ မနက်ခင်းမှာ ကော်ဖီတစ်ခွက်နဲ့ မစတင်ရရင် မပြည့်စုံဘူးလို့ ခံစားရတဲ့သူလား။

အဲ့ဒါဆိုရင်တော့ အဲ့ဒီ မနက်တစ်ခွက်နဲ့တင် ကျေနပ်လိုက်ဖို့ အကြံပြုချင်ပါတယ်။ ဘာလို့ဆို ကဖင်းဓာတ်တွေပိုလျှံသွားရင် အရိုးရဲ့သိပ်သည်းဆနဲ့ပတ်သက်လို့ တိုက်ရိုက်ထိခိုက်မှုကိုဖြစ်စေပြီး အရိုးပါး အရိုးပွရောဂါဖြစ်နိုင်ချေပိုများလို့ပါ

Credit-MAY THAZINHTOO

unicode

အမျိုးသမီးတွေ အသက်ရလာရင် ဖြစ်လေ့ရှိတဲ့ အရိုးပွရောဂါကို ဒီနည်းလမ်းတွေနဲ့ ကာကွယ်ထားပါ

ခန္ဓာကိုယ်ဖွဲ့စည်းပုံ အရရော၊ သဘာဝအရပါ အမျိုးသမီးတွေဟာ အသက်ကြီးလာရင် အမျိုးသားတွေထက် အရိုးပါး အရိုးပွရောဂါ ဖြစ်နိုင်ချေပိုများပါတယ်။

အရိုးပါး အရိုးပွ ရောဂါဖြစ်လာရင် ကုသရ ခက်ခဲတာကြောင့် မဖြစ်ခင် ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးပါပဲ။ ပျိုမေတို့ ကိုယ်တိုင်လည်း ဖတ်သင့်ပြီး မေမေတို့ကိုလည်း ဒီနည်းအတိုင်း ကျန်းမာရေးစောင့်ရှောက်မှု ပေးလိုက်ပါနော်

(၁) ဆားစားသုံးမှုကို လျှော့ချပါ

တစ်နေ့တာ အစားအသောက်ထဲမှာ ဆားပမာဏ များလွန်းတာက အရိုးဆဲလ်တွေကို တိုက်ရိုက်သက်ရောက်မှု ဖြစ်စေပြီး အရိုးပါး အရိုးပွတာကို စောစောစီးစီး ကြုံတွေ့လာနိုင်ပါတယ်။

(၂) ပရိုတင်းနဲ့ ကယ်လ်စီယံကို လုံလောက်အောင်စားပါ

ပရိုတင်းဓာတ်က အရိုးသိပ်သည်းမှု ကောင်းစေတာကြောင့် နေ့တိုင်းနေ့တိုင်းမှာ အသားကို လုံလုံလောက်လောက် စားပေးရပါမယ်။

အသားမကြိုက်ဘူး ဆိုရင်တောင် အသားဓာတ်ရတဲ့ အစားအစာတွေကို စားသင့်ပါတယ်။ ပြီးတော့ အရိုးသန်မာဖို့ ကယ်လ်စီယံဓာတ်က အလိုအပ်ဆုံးဆိုတာ လူတိုင်းသိပြီးသားပါ။

ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ကယ်လ်စီယံကို အများဆုံးရနိုင်တဲ့ အစားအစာတွေကတော့ ဆယ်လ်မွန်ငါး၊ တို့ဖူး နဲ့ပဲငပိတို့ပဲ ဖြစ်ပါတယ်။

နောက်ထပ် အရိုးအတွက် အရေးကြီးတာကတော့ ဗီတာမင်ဒီပဲ ဖြစ်ပါတယ်။ ဗီတာမင် ဒီကိုနေရောင်ခြည်ကနေအများဆုံးရနိုင်တာမို့ မနက်ခင်းဆယ်နာရီမထိုးခင်နေစာလှုံပေးသင့်ပါတယ်

(၃) အရိုးသန်မာစေမယ့် လေ့ကျင့်ခန်းတွေ လုပ်ပါ

အရိုးတွေ အချိန်တွေအကြာကြီး သန်မာနေဖို့ လေ့ကျင့်ခန်းကမဖြစ်မနေလိုအပ်ပါတယ်။ အရိုးသန်မာစေဖို့အတွက် ဝိတ်တုံးလေးတွေ မ တာ၊ လမ်းအနှေး/အမြန်လျှောက်တာ နဲ့ က ခုန်တာတွေကို လုပ်ပေးပါ။

(၄) ကိုယ်အလေးချိန်ထိန်းပါ

ခန္ဓာကိုယ်က ဘယ်လောက် ဝလာလာ အရိုးကတော့ နဂိုအရွယ်အစား အတိုင်းပါပဲ။ အသက်(၃၀)ကျော်ပြီ ဆိုတာနဲ့ အရိုးဖွဲ့စည်းမှုကလည်း

အလိုလို ပါးလျလာတာမို့ ခန္ဓာကိုယ်ကြီးလေလေ အရိုးခံနိုင်ရည် နည်းလေလေဖြစ်လာတာကြောင့် အရိုးအက်တာ၊ ကျိုးတာတွေ ဖြစ်လွယ်ပါတယ်။ ဒါကြောင့် ပုံမှန်ကိုယ်အလေးချိန်ရအောင် အမြဲတမ်း ထိန်းထားသင့်တာပါ

(၅) တစ်နေ့ကို ကော်ဖီတစ်ခွက်ထက် ပိုမသောက်ပါနဲ့

သင်ဟာလည်း ကမ္ဘာပေါ်က လူပေါင်းများစွာလိုပဲ မနက်ခင်းမှာ ကော်ဖီတစ်ခွက်နဲ့ မစတင်ရရင် မပြည့်စုံဘူးလို့ ခံစားရတဲ့သူလား။ အဲ့ဒါဆိုရင်တော့ အဲ့ဒီ မနက်တစ်ခွက်နဲ့တင် ကျေနပ်လိုက်ဖို့ အကြံပြုချင်ပါတယ်။

ဘာလို့ဆို ကဖင်းဓာတ်တွေပိုလျှံသွားရင် အရိုးရဲ့သိပ်သည်းဆနဲ့ပတ်သက်လို့ တိုက်ရိုက်ထိခိုက်မှုကိုဖြစ်စေပြီး အရိုးပါး အရိုးပွရောဂါဖြစ်နိုင်ချေပိုများလို့ပါ

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top