Category: ကျန်းမာရေး

“ဒီလိုအခြေအနေမျိုးမှလွဲ၍ ပြည်သူများ ပါစပ်နှင့် နှာခေါင်းစည်း (Mask) တပ်စရာ မလိုပါဘူး”

ရေးသားသူ – သက္ကမိုးညို အကြောက်တရားဆိုတာ နှစ်ဖက်သွား ဓားလိုပါပဲ။ တဖက်မှာ ဒေါသနဲ့ ဖျက်ဆီးတဲ့ဘက်ကို ရောက်သွားနိုင်သလို တခြားတဖက်မှာလည်း စွမ်းအား အပြည့်နဲ့ မှန်ကန်တဲ့ဆီကို ရောက်ဖို့ တွန်းအားတွေ ရှိနေပါတယ်။ ဝူဟန်ဗိုင်းရပ်စ် ကိစ္စမှာ ပြည်သူတွေ အနေနဲ့ ကြောက်ဖို့ ကောင်းတာကို သိရှိပြီးတော့ ဒီအကြောက်တရားကနေ တဆင့် အမူအကျင့်ကောင်းတွေကို လေ့ကျင့်ပေးရပါမယ်။ ဒီနေရာမှာ ဟိုလူ မလုပ်ရကောင်းလား၊ ဒီလူ မလုပ်ရကောင်းလားလို့ အပြစ်တင်နေမယ့်အစား (တချို့က ဘာလုပ်ရမှန်း မသိတာ ဖြစ်နိုင်သလို လုပ်ဖို့ သိရင်လည်း နောက်မှာ တွဲဆိုင်းထားတဲ့ အခြေအနေအရ လုပ်မရတာလည်း ရှိနိုင်ပါတယ်) ကိုယ်နိုင်သလောက်လေးကို လုပ်ဖို့ လိုပါတယ်။ ကိုယ့်ပြည်ထဲက လူတွေ အကျင့်လား မသိဘူး။ သူတပါး ဒုက္ခရောက်တာကို နင်းပြီးတော့ […]

ညအိပ်မပျော်သူတိုင်း ရောဂါဖြစ်နေသူပဲဖြစ်ဖြစ် အိပ်မပျော်လျှင်

ညအိပ်မပျော်သူတိုင်း ရောဂါဖြစ်နေသူပဲဖြစ်ဖြစ် အိပ်မပျော်လျှင် ၁.ဖီးကြမ်းငှက်ပျောသီး မှည့်စားပါ။အိပ်စက်ခြင်းတွက် အထူးကောင်းမွန်းပြီး အားရှိသည်။ ၂.နွားနို့သောက်ခြင်းက အရိုးအဆစ်သန်မာသည့်အပြင် အိပ်စက်ခြင်းကို မြန်ဆန်စေပါသည်။ ၃.ကြက်သွန်ဖြူခေါင်းအုံးအောက်၃တက်ထားအိပ်ပါ။ဦးနှောက်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး အိပ်စက်မှုကို မြန်ဆန်စေသည်။ ၄.ကြက်သွန်နီထက်ခြက်ခွဲပီး ခြေဖဝါအလည်တည့်တည့်ကပ်ပါ။ တစ်ကိုယ်လုံးမှ အဆိပ်အတောက်များကို စုပ်ယူပါလိမ့်မယ်။ အအေးမိနာစေးသူ ကလေး လူကြီးမရွေး လုပ်ပေးပါက သက်သာပျောက်ကင်းစေပါမည်။ #ShanGyi Share this: Related

ကိုရိုနာဗိုင်းရပ်စ်ပိုး ဆေးဝါးများ ရှိသော်လည်း မတ်လမကုန်မီ တစ်ကမ္ဘာလုံး ပျံ့နှံ့နိုင်ဟု ဆို

ကိုရိုနာဗိုင်းရပ်စ်ပိုးသည် ယခု ပျံ့နှံ့ဖြစ်ပွားမှု နှုန်းထားအတိုင်း ဆက်လက်သွားနေမည်ဆိုပါက မတ်လမကုန်မီ တစ်ကမ္ဘာလုံး ပျံ့နှံ့သွားမည်ဟု ရုရှသိပ္ပံအကယ်ဒမီ RAS အကြီးအကဲက ယုံကြည် ပြောဆိုသည်။ “ဒီ ရောဂါပိုးဟာ အတော်လေး အန္တရာယ်ကြီးပါတယ်။ ပျံ့နှံ့ဖြစ်ပွားနှုန်း ဆပွားတိုးမြင့်နေတယ်။ နောက်တစ်လမှာ ဒီ နှုန်းအတိုင်း ပျံ့နှံ့နေမယ်ဆိုရင် တစ်ကမ္ဘာလုံး ပျံ့နှံ့တဲ့အထိ ကြီးထွားလာနိုင်တယ်။”ဟု RAS အကြီးအကဲ အလက်ဆန်ဒါးဆာဂျီးက ဇန်နဝါရီ ၂၇ ရက်၌ သတင်းထောက်များအား ပြောသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO အနေဖြင့် ယင်းရောဂါပိုးနှင့် ပတ်သက်ပြီး ယခုထက်မက ပိုမိုလုပ်ဆောင်သင့်သည်ဟုလည်း ၎င်းက ဆိုသည်။ အကောင်းဖက်က ရှုမြင်လျှင် ယင်းရောဂါပိုး ကူးစက်မှုကို ကုသနိုင်သည့် ဆေးဝါးပေါင်း ၃၀ ခန့် ရှိထားသည်ဟု ရုရှ ဗဟိုကျန်းမာရေး စစ်ဆေးရေးမှူးဟောင်း […]

ဝူဟန်ဗိုင်းရပ်စ် မြန်မာမှာ မတွေ့သေးတဲ့ ဖြစ်နိုင်ခြေ (၂)ခု နှင့် အကောင်းဆုံးကာကွယ်နည်း

ကျန်းမာရေး ဝန်ကြီးဌာန ဝန်ထမ်းတဦးအနေနဲ့ ပြောတာ မဟုတ်ပါ။ အရပ်သားတဦးအနေနဲ့ ပြောတာပါ။ ကျန်းမာရေးဌာနကို ကိုယ်စားမပြုပါ။ ဝူဟန်က ဗိုင်းရပ်စ် ကိစ္စပါပဲ။ ရေးသားသူ – သက္ကမိုးညို ၁- ဝန်ကြီးကတော့ လုပ်ထားတာ လာကြည့်ရင် ဖျားသွားမယ်ပြောပါတယ်။ ဒါပေမယ့် ဝူဟန်က လေယာဉ်ကြီး ဆိုက်လာတယ်။ လေဆိပ်မှာ အပူချိန်တိုင်း ကိရိယာနဲ့ ပေးဖြတ်ပြီး အားလုံးအောင်တော့ ခွင့်ပေးလိုက်တယ်။ ဂိုက်လိုင်းအတိုင်း လုပ်တာပါပဲ။ ဒါပေမယ့် ရောဂါဝင်ရောက်ပြီး လက္ခဏာ မပြသေးတဲ့ (ရောဂါပျိုးချိန်)မှာ လွတ်သွားရင် ဘယ်လို လုပ်မလဲ။ အခု CNN သတင်း အရ လက္ခဏာ မပြသေးလဲ ကူးစက်နိုင်တယ် လို့ဆိုပါတယ်။ ဝူဟန်ခရီးသွားတွေ တခုခုဖြစ်ရင် သတင်းပို့ လို့ ထုတ်ပြန်ထားတယ်။ တကယ်သတင်းပို့ပါ့မလား။ စဉ်းစားစရာ။ […]

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅၆ ဦးထိရှိလာ၊ ကူးစက်ခံရသူအရေအတွက် ၂၀၀၀ နီးပါးရှိလာ

တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဇန်နဝါရီ ၂၆ ရက် နေ့ထိ သေဆုံးသူ ဦးရေဟာ ၅၆ဦးအထိရှိလာပြီး ကူးစက်ခံရသူက ၂၀၀၀ နီးပါးအထိ ရှိလာ နေပြီဖြစ်ပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်က လဆန်းနှစ်သစ်ကူး အစိုးရ ရုံးပိတ်ရက်မှာ အထူးအစည်းအဝေးတစ်ခု ခေါ်ယူပြီး အခုပြန့်ပွားနေတဲ့ ကိုရိုနာ ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး အထူးသတိထားဖို့ သတိပေးခဲ့ပါတယ်။ မစ္စတာရှီက တိုင်းပြည်ဟာ အခြေအနေဆိုးကို ရင်ဆိုင်နေရပြီလို့ တရုတ်ထိပ်တန်းအရာရှိတွေကို ပြောကြားခဲ့ပါတယ်။ ရောဂါစတင်ဖြစ်ပွားရာ ဝူဟန်မြို့ကိုလည်း အဝင်အထွက်သွားလာခွင့်တွေ ပိတ်ပင်ထားပါတယ်။ #BBC_Burmese Share this:

ဝူဟန်ကိုရိုနာ ဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးကို ကနေဒါနိုင်ငံတွင် စတင်ဆောင်ရွက်နေပြီ

ဝူဟန်ကိုရိုနာ ဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးကို ကနေဒါနိုင်ငံတွင် စတင်ဆောင်ရွက်နေပြီ… ကနေဒါ၊ ဇန်နဝါရီ ၂၅ – ကနေဒါနိုင်ငံ Saskatchewan တက္ကသိုလ်မှ အပြည်ပြည်ဆိုင်ရာ ကာကွယ်ဆေးဌာနသည် ဝူဟန်ကိုရိုနာ ဗိုင်းရပ်စ်ကာကွယ်ဆေးဖော်စပ်နိုင်ရေးအတွက် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းသိရသည်။ ယင်းဌာနသည် Corona ဗိုင်းရပ်စ် မျိုးကွဲများအား ကာကွယ်သည့် ဆေးများကို ဖော်စပ်နိုင်ခဲ့ပြီးဖြစ်သည်။ လက်ရှိတွင်မူ ကနေဒါနိုင်ငံ အဓိကလေဆိပ်များတွင် အဆိုပါဗိုင်းရပ်သင့်သူများကို စစ်ဆေးရန်အတွက် Thermal Scanner များ တပ်ဆင်ထားခြင်းမရှိသေးကြောင်း ကနေဒါနိုင်ငံ ဆေးဖက်ဆိုင်ရာ အရာရှိချုပ်ကပြောသည်။ SARS ဗိုင်းရပ်စ်ပြန့်ပွားခဲ့စဉ်က ကနေဒါနိုင်ငံသည် လူပေါင်းသန်းနှင့်ချီ၍ စစ်ဆေးခဲ့သော်လည်း ကူးစက်သူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ကြောင်း သူမကပြောသည်။ ယခုလက်ရှိတွင် ကနေဒါနိုင်ငံ အဓိက လေဆိပ်များဝယ် ဗိုင်းရပ်စ် ကူးစက်မှု စစ်ဆေးရန် Thermal Scanner များ […]

ကြက်ကြော်နဲ့ Fast food အမြဲ စားသူတွေဟာ သာမန်သူထက် အသက်ပိုတိုနိုင်

နေ့စဉ် ကြက်ကြော် ဒါမှမဟုတ် Fast Food ပုံမှန်စားသုံးသူတွေဟာ ကင်ဆာအပြင် တခြားရောဂါတွေကြောင့် သက်တမ်းပိုတိုနိုင်တယ်လို့ လေ့လာချက်တရပ်မှာ ဖော်ပြထားပါတယ်။ အမေရိကန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အဆိုပါ လေ့လာချက်မှာ နေ့တိုင်းနီးပါး ကြက်ကြော်စားသူတွေဟာ မစားတဲ့သူတွေထက် ၁၃ ရာခိုင်နှုန်း သေဆုံးနိုင်ခြေ ပိုမြင့်နေတယ်လို့ ဆေးပညာဂျာနယ်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် နေ့စဉ် ငါးကြော်နဲ့ တခြား ပင်လယ်စာအကြော်တွေ စားသုံးမှုကြောင့် သေဆုံးနိုင်ခြေက တခြားသူတွေ ထက် ၇ ရာခိုင်နှုန်း ပိုများနေပြန်ပါတယ်။ “အဆင်သင့်ရနေတဲ့ အကြော်တွေဆိုတာ အမေရိကားနဲ့ တခြားနိုင်ငံတွေမှာ စားနေကျ အစားအစာတွေပါ။ ဒါပေမဲ့လည်း ရေရှည် ပြန်ကြည့်ရင် ဒီအစားအစာတွေက အန္တရာယ် ရှိပါတယ်” လို့ သုတေသနခေါင်းဆောင် Wei Bao က ဆိုပါတယ်။ ယခု […]

ဂူဟန်ကိုရိုနာဗိုင်းရပ်စ်ကြောင့် အနီးကပ် တာဝန်ယူနေတဲ့ ဆရာဝန်တစ်ဦးသေဆုံး

ဂူဟန်ကိုရိုနာဗိုင်းရပ်စ်ကြောင့် အနီးကပ် တာဝန်ယူနေတဲ့ ဆရာဝန်တစ်ဦးသေဆုံး… ဂူဟန်ကိုရိုနာဗိုင်းရပ်စ်အဓိက စတင်ဖြစ်ပွားရာ ဟူဘေးပြည်နယ်ထဲက ဆရာဝန်တစ်ဦး ဒီဗိုင်းရပ်စ်ကြောင့်ပဲ သေဆုံးသွားခဲ့တဲ့အကြောင်း Channel News Asia သတင်းဌာန ဆိုပါတယ်။ ဟူဘေးဆင်ဟွာဆေးရုံမှာရှိတဲ့ အဲဒီဆရာဝန်ဟာ အသက် ၆၂ နှစ်ရှိပြီဖြစ်ပြီး ဂူဟန်မြို့မှာ အဲဒီဗိုင်းရပ်စ်ကူး စက်ခံရတဲ့လူနာတွေကုသရေးအနီးကပ်တာဝန်ယူနေတဲ့ဆရာဝန်တစ်ဦးဖြစ်ပြီးတော့ သူကိုယ်တိုင် ဂူဟန်ဗိုင်းရပ်စ်လို့ ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့်ပဲ သေဆုံးခဲ့ရတာဖြစ်ပါတယ်။ ဂူဟန်ကိုရိုနာဗိုင်းရပ်စ်ကြောင့် လက်ရှိအချိန်ထိ တရုတ်နိုင်ငံတွင် ဆရာဝန်တစ်ဦးအပါအဝင် စုစုပေါင်း ၄၁ ဦးသေဆုံးခဲ့ကာ လူဦးရေ ၁၃၀၀ နီးပါး ကူးစက်ခံထားရသည်ဟု သိရသည်။ စုစုပေါင်း သေဆုံးသူ ၄၁ ဦးမှာ တရုတ်နိုင်ငံမှာချည်းဖြစ်သည်။ ဗိုင်းရပ်စ်တွေ့တဲ့လူနာ အများစုကတော့ ဟူဘေးပြည်နယ်ထဲမှာ ဖြစ်ပါတယ်။ ဟူဘေးပြည်နယ်ထဲက ဝူဟန်မြို့အပါအဝင် အခြား မြို့ပေါင်း ၁၃ မြို့ကို […]

မြန်မာနိုင်ငံနယ်စပ် တရုတ်ပြည်ယူနန်တွင် ဝူဟန်ကော်ရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူများတွေ့ရှိ

မြန်မာနိုင်ငံနယ်စပ် တရုတ်ပြည်ယူနန်တွင် ဝူဟန်ကော်ရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူများတွေ့ရှိ… ရန်ကုန်၊ ဇန်နဝါရီ ၂၅ – မြန်မာနိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေသော တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် ဝူဟန်ကော်ရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူများရှိလာနေပြီး အဆိုပါဝူဟန်ကော်ရိုနာဗိုင်းရပ်စ် အဆုတ်နာ ရောဂါကြောင့် တရုတ်နိုင်ငံတွင် သေဆုံးသူ ၄၁ ဦးထိရှိလာပြီး တရုတ်အပါအဝင် အခြားနိုင်ငံများတွင် ပိုးကူးစက်ခံရသူလူနာ ၁၁၃၈ ဦးရှိလာကြောင်း CNN သတင်းဌာနနှင့် South China Morning Post သတင်းဌာနများ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။ တရုတ်နိုင်ငံ၏ မြို့ ၂၉ ခုတွင် ရောဂါကူးစက်ခံရမှုများရှိလာနေပြီး တရုတ်ဗဟိုအစိုးရက မြို့ကြီး ၁၁ မြို့ကို သွားလာမှုများကို ပိတ်ပင်ထားသည်။ ရောဂါကူးစက်ခံနေရသော တရုတ်မြို့ကြီးများတွင် မြန်မာနိုင်ငံနှင့်နယ်နယ်မိတ်ခြင်း ထိစပ်နေသည့် ယူနန်ပြည်နယ်လည်းပါဝင်ကြောင်း တရုတ်အာဏာပိုင်များ၏ ထုတ်ပြန်ချက် ကိုးကား၍ […]

မျက်ရိုးကိုက်၊ ဇက်ကြောတက် ၊ခေါင်းကိုက် ပါကလျှင်မြန်စွာသက်သာပျောက်ကင်ရန်နည်းလမ်း

ခေါင်းကိုက်။ နထင်ကိုက်။ ဇက်ကြောတက် မျက်ရိုးကိုက်။ အလုပ်တစ်ဘက်နှင့် ဆေးခန်းသွားဖို့အချိန်မပေးနိုင်လျှင် ချင်းတက်ကိုပါးပါးလှီးပြီးနထင်နှစ်ဘက်တွင်ကပ်ပေးပါ ။ ဇက်။ဂုတ်ကျီးပေါင်းရှိသူများ။ ကျီးပေါင်းရင့်၍မူးသူ။ ဇက် ကိုခဲဆွဲကုသနေရသူများသည် ဇက်ရင်းကျီးပေါင်းဖုပေါ် တွင်ချင်းကိုပါးပါးလှီးပြီး ၄-၅ နေရာကပ်နိုင်ပါသည် ။ ချင်းတွင်အပူဓာတ်ရှိသည်။ အရောင်ကျစေသောသတ္တိလည်းရှိသည်။ ပိုးကိုသေစေနိုင်သောသတ္တိလည်းထိုက်သင့်သလောက်ရှိပါသည်။ ချင်းသည်အပူဖြစ်သဖြင့် ကပ်ပြီး မိနစ်အနည်းငယ်အတွင်း အာနိသင်ပြပါသည်။ တစ်နာရီခန့်ကပ်ထားပါ။ အများဆုံး အလွန်ဆုံး ၂နာရီထကာပို၍မကပ်သင့်ပါ။ တန်ဆေးလွန် ဘေးဖြစ်ပါသည်။ နေ့စဉ် ၁နာရီခန့်ကပ်ပေးနိုင်ပါသည် ။ နောက်တစ်နည်း ခေါင်းသိပ်ကိုက်လျင် (ခေါင်းခဏခဏ ကိုက်နေသူများအတွက် လက်တွေ့ နည်းလမ်းကောင်း) နည်းလေးက အမှန်လွယ်သလို တကယ်ပဲ ထိရောက်ပါသည်။ ထူးထူးထွေထွေ လုပ်စရာလည်း မလိုပါ။ လူတိုင်း လက်တွေ့ စမ်းကြည့်နိုင်တဲ့ နည်းပါ။ ခေါင်းတြစ်ခမ်း ကိုက်ပါက ကြက်သွန်ဖြူ တစ်ဥ၊ တစ်မွှာကို […]

Back To Top