တောင်ဒဂုံမှ ရှင်သောဘိတာလင်္ကာရကျောင်းသို့ လှုဖွယ်ဝတ္ထုများနှင့်လိုအပ်တဲ့ပစ္စည်းများကို ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တဲ့ ကော်နီ
ထမင်းတစ်နပ်စာအတွက် အခက်ခဲဖြစ်နေသော မိသားစုဝင်များအတွက် food boxလေး လာပါပြီ…
နေ့ဖို့ညစာ အခက်ခဲ ဖြစ်သော မိသားစုများ အဖေမေ အလုပ်ကပြန်လာမှဆန်ဆီ ဝယ်စားရသောမိသားစုများ တကယ်ကိုထမင်းတစ်နပ်စာအတွက် အခက်ခဲဖြစ်နေသောမိသားစုဝင်များအတွက် ရည် ရွယ်ပြီး အခြေ ခံစားသောက်ကုန်များဖြစ်တဲ့ ဆန် ဆီ ဆား ငပိ များကိုfood box တွင် ထည့်ထားခဲ့ပါပြီ လက်ရှိ ကိုဗစ်ကာလကို အဓိက ထားပြီး food boxထားပေးတာပါ အကောင်းဆိုးကတော့ ဒွန်တွဲနေစမြဲပါပဲလူတိုင်းမှာ လောဘဆိုတာ ရှိကြပါတယ် လိုအပ်လို့လာယူတဲ့သူတွေကိုလဲ တစ်ဦးလျှင် ဆန်တစ်ထုပ်ဆီ တစ်ဗူး သာယူကြဖို့ food box နားကနေပြီး ဦးလေးတစ်ယောက်ကလဲ လမ်းညွန်ပေးနေသလိုကျွန်တော် ကိုယ်တိုင်ကလဲ လမ်းညွန်မူတွေ ပေးသွားမှာဖြစ်ပါတယ် ရည်ရွယ်ချက် ကတော့ တစ်ခုတည်းပါ တကယ် မရှိတဲ့သူတွေ အတွက်သာ ရည် ရွယ်ပါတယ်ကုသိုလ်ရေး လုပ်တာမို့ ကုသိုလ်ရေးပဲတွေးရပါမယ်လို အပ်လို့ယူမယ်ဆို […]
Kyaw Win Thant အကောင့်ပိုင်ရှင်၏ ရေးသားချက်နှင့်စပ်လျဉ်းပြီး မိတ္ထီလာတွင် လူစုလူဝေးဖြစ်ပေါ်
Kyaw Win Thant အကောင့်ပိုင်ရှင်၏ ရေးသားချက်နှင့်စပ်လျဉ်းပြီး မိထ္ထီလာတွင် လူစုလူဝေးဖြစ်ပေါ် ———————————– အကောင့်ပိုင်ရှင်အား သာသနာညှိးနွမ်းစေမှု ၂၉၅ (က)ဖြင့် ခရိုင်သာသနာရေးက တရားလိုလုပ် အမှုဖွင့် ဖမ်းဆီး ———————————— မိတ်ထီလာ၊မေ ၁၉ ရကျ Kyaw Win Thant အကောင့်ပိုင်ရှင်က လူမှုကွန်ရက်ပေါ် မှတဆင့် ဘာသာသာသနာအား စော်ကားပုတ်ခတ်ခဲ့သည့်အတွက်ကြောင့်ဆိုပြီး မိတ္ထီလာတွင် ယနေ့မနက်က ရာနှင့်ချီသော လူစုလူဝေးတစ်ခုဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။ အဆိုပါအကောင့်ပိုင်ရှင်သည် ဘဝတွက်တာသင်ရိုးညွှန်တမ်းတွင် လိင်ပညာပေးပြဌာန်းသင်ကြားခြင်းအား ထောက်ခံကြောင်းရေးသားရင်းမှတဆင့် ဘာသာသာသနာအပေါ် စော်ကားသည့် အသုံးအနှုန်းများပါသည်ဟု ဆိုပြီး လူစုလူဝေးဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ဆရာဝန်တစ်ဦးလည်းဖြစ်သည့် ၎င်းသည် လူမှုကွန်ယက်ပေါ် ဘာသာသာသနာနှင့်ဆိုင်သည့်ရေးသားမှုအချို့ပြုပြီးနောက် မှားယွင်းခဲ့သည်ဟု ဝန်ခံခဲ့ပြီး ရေးသားချက်များအား ဖျက်ခဲ့ကာ စာဖြင့် တောင်းပန်ခဲ့သေးသည့်အပြင် ယနေ့ မနက်တွင်လည်း သံဃာတော်များရှေ့၊မြို့မိ […]
ပြုပြင်အစားအစာများ အန္တရာယ်
ပြုပြင်အစားအသောက်တွေဆိုတာဘာလဲ၊ ဘယ်လိုအစားအသောက်တွေကို ပြုပြင်အစားအသောက်တွေလို့ သတ်မှတ်သလဲ၊ ပြုပြင်အစားအသောက်တွေစားရင် ကျန်းမာရေးအပေါ် ဘယ်လိုထိခိုက်လာမလဲဆိုတာ ပြောပြသွားပါ့မယ်။ တကယ်တမ်းပြောရရင် ဒီနေ့ခေတ် ကျွန်တော်တို့စားသုံးနေတဲ့ အစားအစာ အားလုံးနီးပါးက အလုံးစုံမဟုတ်တောင် နည်းနည်းတော့ ပြုပြင်ထားတာချည်းပါပဲ။ လုံးဝပြုပြင်ထားခြင်းမရှိတဲ့ အစားအစာလိုချင်ရင်တော့ ကိုယ့်အိမ်မှာပဲ စိုက်ပျိုးမွေးမြူပြီး ထုတ်လုပ်မှရတော့မှာပါ။ ဒါပေမဲ့လည်း စားသောက်ဖို့အတွက်နဲ့ လူတိုင်းက ဒီလောက်အချိန်မပေးနိုင်တာကြောင့် ပြုပြင်အစားအသောက်တွေနဲ့ မလွတ်ကင်းနိုင်ဘူးလို့ပဲ ဆိုရမှာဖြစ်ပါတယ်။ အစားအစာတွေကို ပြုပြင်မှုအဆင့်အမျိုးမျိုးရှိပါတယ်။ ထုတ်လုပ်တဲ့လုပ်ငန်းစဉ်မှာ အစားအစာတွေသန့်ရှင်းရေး လုပ်တာ၊ ကြာရှည်ခံအောင် လေထုနဲ့ ပတ်ဝန်းကျင်အနေအထားတွေကို ပြုပြင်ယူပြီး ထိန်းသိမ်းတာ၊ စားသုံးဖို့ မသင့်တဲ့အစိတ်အပိုင်းတွေ ဖယ်ပစ်တာ (ဥပမာ ကော်ဖီစေ့ကို မကြိတ်ခင် အပြင်လွှာကိုဖယ်ပစ်တာမျိုး) ၊ ထုတ်လုပ်တဲ့နေရာတစ်ခုကနေ နောက်တစ်ခုကို အကူးအပြောင်းမှာ ကြာရှည်ခံ အောင်အအေးရိုက်ပစ်တာ၊ အချဉ်ဖောက်တာ၊ လေလုံမယ့်အိတ်နဲ့ ထည့်သွင်းထုတ်ပိုးပစ်တာ စတာတွေအကုန်လုံးက […]
တစ်ဦးလျှင် ၁ သောင်းကျပ်နှုန်းဖြင့် သိန်း ၆၀၀ ကျော် လှူဒါန်းလိုက်တဲ့ မနောသုခသစ်သီးပွဲရုံပိုင်ရှင် သူဌေးကြီးရဲ့ ကြက်သီးထဖွယ် အလှူ
ယခု post ကို Tin Zaw Hein ဖေ့ဘုတ် စာမျက်နာမှ ကူးယူဖော်ပြပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် ကျားတက် စံပြကျေးရွာကို တစ်ဦးလျှင် တစ်သောင်းကျပ်နှုံးဖြင့် နောက်ထပ် ကျပ်သိန်းပေါင်း ၆၀၀ ကျော် လှူတန်းလိုက်တဲ့ သီဟသုဓမ္မ မဏိဇောတဓရ မနောသုခသစ်သီးပွဲရုံပိုင်ရှင် ပွဲစားကြီးဦးခင်မောင် + ဒေါ်စန်းရီးမိသားစု အခုလို လှူဒါန်းရတဲ့ အကျိုးအားကြောင့် ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ပြီး ကျန်းမာပျော်ရွှင်စွာ အသက်ရာကျော်ရှည်ပြီး ဒီထက်မက လှူဒါန်းမှုတွေ ပြုနိုင်ပါစေ… ဆန္ဒနဲ့ ဘ၀ တစ်ထပ်တည်းကျကာ ဘာသာ သာသနာအကျိုးလည်း ဆထက်တိုးပြီး ကုသိုလ်ကောင်းမှုတွေ ပြုလုပ်နိုင်ပါစေကြောင်း … ထပ်လောင်း၍ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ကောင်းကျိုးလိုရာ ဆန္ဒပြည့်ဝကာ ကျန်းမာချမ်းသာစွာနဲ့ အသက်ရာကျော်ရှည်စေကြောင်း ယခုလို မွန်မြတ်လှတဲ့ အလှူကို […]
ပရိသတ်တွေမြင်ချင်တဲ့အတိုင်း အပြုံးလေးတွေနဲ့ ပြန်လည်အသက်ဝင်လာပြီဖြစ်တဲ့ ဆုမြတ်နိုးဦး…….
မင်းသမီးလေး ဆုမြတ်နိုးဦးက ပြီးခဲ့တဲ့ မေလ (၃) ရက်နေ့ကပဲ သူမဘဝရဲ့ မြင့်မိုရ်တောင်ကြီးဖြစ်တဲ့ မိခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရတာပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး အမြဲတမ်း ပြုံးနေတတ်တဲ့ ဆုမြတ်နိုးဦးတစ်ယောက် ခဏတာ ပြိုလဲသွားတာကြောင့် သူမကို ချစ်ခင်ကြတဲ့ မိသားစုတွေသာမက ပရိသတ်တွေကပါ ဆုမြတ်နိုးဦးအတွက် စိုးရိမ်နေကြတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဆုမြတ်နိုးဦးကတော့ “အတတ်နိုင်ဆုံး ကြိုးစားပြုံးရယ်ပြီး ဘေးနားကသူတွေကိုတန်ဖိုးထားချစ်ခင်ရင်း လက်ရှိဘဝလေးကို ရှင်သန်နေထိုင်သွားပါ့မယ်။” ဆိုပြီး သူမရဲ့ အရင်တုန်းက ပုံစံလေးအတိုင်း ပြန်လည်အသက်ဝင်လာတာကို တွေ့ရပါတယ် ဆုမြတ်နိုးဦးကတော့ သူမရဲ့ မိခင်ကြီးကို ရုတ်တရက်ဆုံးရှုံးလိုက်ရပေမယ့် သူမရဲ့ ဖေဖေနဲ့ သူမကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် အတတ်နိုင်ဆုံး ပြုံးရယ်ပြီး နေထိုင်နေတာပဲ ဖြစ်ပါတယ်။ ဆုမြတ်နိုးဦးတစ်ယောက် အမြန်ဆုံး စိတ်ဒဏ်ရာတွေ သက်သာပါစေလို့ မှ […]
အိမ်နဲ့ပတ်သတ်တဲ့ပြီး လူတွေ သတိမထားမိတတ်ကြတဲ့ အိမ်နိမိတ် (၁၂) ချက် အကြောင်း
အိမ်နဲ့ ပတ်သတ်တဲ့ ပြီး လူေ တွ သတိမ ထားမိတတ်ကြ တဲ့ အိမ်နိမိ တ် ၁၂ ချက် အကြောင်း ၁) အိမ်ထဲမှာ ထီးမလှန်းပါနဲ့။ အိမ်စောင့်နတ် ကိုယ့် မျက်တတ်တယ်။ (၂) နာရီအကွဲအပျက် ချိတ်မထားပါနဲ့။ ရုတ်တရက်မြည်လျှင် သေနိမိတ်ပါ။ (၃) ဘယ်ပန်းအိုးမှ ပန်းဖြူ၊ ပန်းနီ နှစ်မျိုးထည့်တွဲမထိုးပါနဲ့။ မတော်တဆ ထိခိုက်မူဖြစ်တတ်တယ်။ (၄) နံရံကို ဆေးအစိမ်းရောင်မသုတ်ပါနဲ့။ ရုတ်တရက်အဆိပ်မိတာမျိုး ဖြစ်တတ်ပါတယ်။ (၅) အိမ်ထဲမှာ ပုဆိန်၊ ပေါက်တူး၊ စတာတွေမထားပါနဲ့။ အိမ်သားတွေမကြာခဏ ခိုက်ရန်ဖြစ်ပွားတတ်တယ်။ (၆) အိမ်ထဲမှာ လုပ်ကုလားထိုင်မထားပါနဲ့။ မကျွတ်မလွတ်တွေရှိရင် မြူးတတ်ပါတယ်။ (၇) ဆူးပါတဲ့ ပန်းတွေ အပင်တွေ အိမ်ထဲမှာမစိုက်ပါနဲ့။ အလုပ်အကိုင်အဆင်မပြေဖြစ်တတ်ပါတယ်။ (၈) […]
COVID-19 ကပ်ဘေးကာလ သီလရှင်များ ဆွမ်းဆန်အခက်အခဲရှိနေ
ရန်ကုန်တိုင်းက မြို့နယ်တွေမှာ Semi Lockdown ကာလကို မေလ ကုန်အထိ ထပ်မံတိုးမြှင့်လိုက်တာကြောင့် အပြင်ထွက်ပြီး ဆွမ်းဆန်အလှူခံရတဲ့ သီလရှင်တွေ ရေရှည်မှာ ဆွမ်းအခက်အခဲရှိလာနေပါတယ်။ မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါ ကူးစက်ခံရသူအရေအတွက်အများဆုံးရှိတဲ့ ရန်ကုန်တိုင်းမှာ ရောဂါဖြစ်ပွားမှုထိန်းချုပ်နိုင်ဖို့အတွက် တိုင်းအစိုးရက Semi Lockdown ကာလကို အရင်က မေလ ၁၅ ရက်နေ့အထိ သတ်မှတ်ထားရာကနေ မေလကုန်အထိ ထပ်မံတိုးမြှင့်လိုက်ပါတယ်။ အစိုးရအဖွဲ့ကတော့ ပထမ Semi Lockdown စတင် ပြုလုပ်တဲ့အချိန်က စားဝတ်နေရေးခက်ခဲတဲ့ ပြည်သူတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေ စာသင်တိုက်တွေ သီလရှင်ကျောင်းတွေကို စားနပ်ရိက္ခာထောက်ပံ့ခဲ့ပါတယ်။ ဒီရောဂါဖြစ်ပွားမှု အခြေအနေကာလရှည်ကြာလာတာနဲ့အမျှ တချို့သီလရှင်တိုက်တွေမှာ ဆွမ်းဆန်အလှူခံမထွက်ရတော့တာကြောင့် ရေရှည်မှာ ဆွမ်းအခက်အခဲရှိလာတယ်လို့ ခေမာရာမသီလရှင်စာသင်တိုက်က ဆရာလေးဒေါက်တာစန္ဒာက မိန့်ပါတယ်။ ဘုန်းတော်ကြီးကျောင်းတွေ စာသင်တိုက်တွေ သီလရှင်ကျောင်းတွေအနေနဲ့ ကပ်ဘေးကာလ […]
စူပါဆိုင်ကလုန်းမုန်တိုင်း ကိုကိုးကျွန်းမြို့ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၄၀၀ ခန့်ကို ဗဟိုပြုနေ…
ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ စူပါဆိုင်ကလုန်းမုန်တိုင်းအမ်ဖန်ဟာ မြောက် – အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ကိုကိုးကျွန်းမြို့ ရဲ့ အနောက်-အနောက် မြောက်ဘက် ရေမိုင် ၄၀၀ မိုင်ခန့်နဲ့ ပုသိမ်မြို့ရဲ့ အနောက်-အနောက်တောင် ဘက် ရေမိုင် ၄၉၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ မိုးဇလက ဒီနေ့မနက် ၇ နာရီ ထုတ်ပြန်ပါတယ်။ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာကျဲကျဲ မိုးထစ်ချုန်း ရွာမယ်လို့ ဆိုပါတယ်။ မြန်မာ့ပင်လယ်ပြင်အခြေအနေကတော့ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန် ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအလွန်ကြီးမယ်၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေ […]
ကပ်ရောဂါကြီးပြီးရင် သူကိုယ်တိုင်စနစ်တကျ ထိန်းသိမ်းတည်ထောင်ထားတဲ့ ပုပ္ပါးမြို့က ဟိုတယ်လေးကို အလည်လာဖို့ ဖိတ်ခေါ်လိုက်တဲ့ နေမျိုးအောင်
မင်းသား နေမျိုးအောင်ကတော့ သူ့ရဲ့ အနုပညာသက်တမ်းတစ်လျှောက် ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေများစွာကို ရိုက်ကူးခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ နေမျိုးအောင်က အသက်အရွယ်တစ်ခု ရောက်ရှိလာချိန်မှာတော့ အနုပညာလုပ်ငန်းတွေထက် မိသားစုနဲ့အတူတူ အချိန်တွေ ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ နေမျိုးအောင်က လက်ရှိမှာ သူ့ရဲ့ ဇနီးလေးနဲ့အတူတူ ပုပ္ပါးမြို့မှာရှိတဲ့ သူ့ရဲ့ နေမင်းသား ဟိုတယ်ကို ဦးစီးနေတာပဲ ဖြစ်ပါတယ်။ နေမျိုးအောင်ရဲ့ နေမင်းသားဟိုတယ်ကတော့ နေမျိုးအောင်ကိုယ်တိုင် သစ်ပင်ပန်းမန်လေးတွေ စိုက်ပျိုးပြီး နေချင်စဖွယ်နဲ့ တည်းခိုသူတွေ စိတ်အပန်းပြေစေဖို့ ဖန်တီးထားတာ ဖြစ်ပါတယ်။ နေမျိုးအောင်ကလည်း “ကိုမြင့်နိုင်ကြီးပြန်ရင် အေးချမ်းတဲ့ပုပ္ပါးမြို့က နေမင်းသားမှာအနားယူရင်း သဘာဝအလှတရားတွေခံစားဖို့ ဖိတ်ခေါ်တယ်နော်” ဆိုပြီး သူ့ရဲ့ ဟိုတယ်လေးကို လာရောက်လည်ပတ်ဖို့ ပရိသတ်တွေကို ဖိတ်ခေါ်ထားပါတယ်။ နေမျိုးအောင်ကတော့ ကပ်ရောဂါကာလကြီးကို ဟိုတယ်မှာပဲ သစ်ပင်ပန်းပင်လေးတွေ စိုက်ပျိုးရင်းနဲ့သာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ […]