ရွှေပြည်သာ စက်မှုဇုန်အတွင်း စက်ရုံသုံးရုံ တိုင်ကြားထားသော်လည်း ဆက်ဖွင့်နေ
ရွှေပြည်သာစက်မှုဇုန်အတွင်း တိုင်ကြားထားသော်လည်း ဆက်လက် ဖွင့်လှစ်လုပ်ကိုင်နေသည့် စက်ရုံသုံးရုံရှိကြောင်း သွေးစည်းညီညွတ်သော အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (STUM) မှ မမျိုးအေးက ဧပြီလ ၂၃ ရက်တွင် ပြောဆိုသည်။ ”ရွှေပြည်သာ စက်မှုဇုန်ထဲမှာ ဒီနေ့ သုံးရုံဖွင့်နေတယ်။ ဒီလိုဖွင့်တဲ့အထဲမှာ တစ်ရုံက ဖိနပ်စက်ရုံ ။ နောက် နှစ်ရုံက အထည်ချုပ်စက်ရုံတွေပါ။ ဖိနပ်စက်ရုံကတော့ အလုပ်သမား တစ်သောင်းလောက်ရှိတယ်။ စက်ရုံဘက်က ပိတ်မပေးတာကြောင့် အလုပ်သမားတွေက လာဆင်းနေရတာဖြစ်တယ်။ဒါကြောင့် ကျွန်မတို့ဘက်ကတော့ တာဝန်ရှိတဲ့သူတွေ အားလုံးကို တိုင်တန်းထားတယ်။ဒီနေ့အချိန်ထိတော့ မပိတ်သေးဘူး။ဒါကတော့ အစိုးရတာဝန်ရှိသူတွေရဲ့အပိုင်းဖြစ်သွားပါပြီ”ဟု မမျိုးအေးက ပြောဆိုသည်။ လက်ရှိအချိန်တွင် လုပ်သားများအနေဖြင့် အလုပ်မဆင်းလိုသော်လည်း လစာမရမည်စိုးသဖြင့် အလုပ်ဆင်းနေကြရကြောင်း၊ စက်ရုံမှ ပိတ်သိမ်းမှုမပြုလုပ်ပေးသည့်အပေါ် မကျေနပ်သော်လည်း တရားစွဲဆိုခံရခြင်းများ မရှိစေရေးနှင့် ကျန်းမာရေးအရ လူစုလူဝေးမပြုလုပ်လိုခြင်းကြောင့် သက်ဆိုင်ရာသို့ တိုင်ကြားမှုများသာပြုလုပ်နေကြခြင်းဖြစ်ကြောင်းလည်း သိရသည်။ […]
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ (၅) ဦး ထပ်မံတွေ့ရှိ၊ စုစုပေါင်း (၁၃၂) ဦး ရှိလာ
ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၃-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ ၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ (၂၃-၄-၂၀၂၀) ရက်နေ့၊ ညနေတွင် (ပထမအသုတ်) စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၈၂) ခု အနက် (၅) ဦး ၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပြီး ကျန် (၇၇) ခုတွင် COVID-19 ရောဂါပိုး မတွေ့ရှိ (မတွေ့ရှိ)ပါ။ ၂။ (၂၃-၄-၂၀၂၀)ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် ဓာတ်ခွဲအတည်ပြုလူနာ (၁၃၂) ဦး ရှိပြီဖြစ်ပါသည်။ ၃။ ယခုအခါ မြန်မာနိုင်ငံရှိ ဓာတ်ခွဲအတည်ပြုလူနာများအနက် ရောဂါပိုးကင်းစင်သူ (၉) ဦး ရှိပြီဖြစ်ကာ ၎င်းတို့အား […]
ဆီးပူဆီးကျင်ဆီးအောင့် ကျောက်ကပ် ကျောက်တည်သူများ ဆီးလမ်းကြောင်း ကျောက်တည်သူများအတွက် မြန်မာ့ဆေးနည်း
ဓါတ်ပုံမှာပါတဲ့ ဆေးပင်ကလေးဟာ လမ်းဘေး သို့မဟုတ် ကွင်းပြင်တွေမှာ ပေါက်ရောက်တတ်ပါတယ်။ အဲဒီအပင်လေးကို ဟင်းနုနွယ်ဆူးပေါက်လို့ ဆေးပညာစသင်ပေးခဲ့တဲ့အဖိုးကပြောပြပါတယ်။ သည်အပင်လေးဟာ ဟင်းနုနွယ်မျိုးနွယ်ပါပဲ ဒါပေမဲ့ သူရဲ့ထူးခြားချက်က ဆူးကလေးတွေ ပါနေတာပါ။ ကျနော့ကို ဆေးပညာသင်ပေးခဲ့တဲ့ ကျနော့အမေရဲ့အဖေကျနော့အဖိုးဟာ ဆီးပူဆီးအောင့်ဆီးသွေးပါ ဆီးကျောက်တည်တဲ့ လူနာတွေတွေ့တိုင်း သည်ဟင်းနုနွယ်ဆူးပေါက်ပင်တစ်ပင်လုံးကို ရေနဲ့သန့်စင်အောင် ဆေးပြီးဓါးနဲ့နုတ်နုတ်စင်းကာ ရေကို ရေဖလားတစ်ခွက်ခန့် ထည့်ပြီးအိုးတစ်လုံးနဲ့ ကျိုပါတယ်။ ဆေးပြုတ်ရည်အဖြစ် ဖန်တီးလိုက်တာပါ။ ပြုတ်ရည်ရပြီဆိုရင် အအေးခံပြီး ပြုတ်ရည်မှာ သကြားခပ်ကာ လူနာကိုသောက်နိုင်သလောက် နည်းနည်းချင်း စတိုက်ပါတယ်။ နေ့တိုင်းလည်း ဟင်းနုနွယ်ဆူးပေါက်အပင်သစ်နဲ့ကြိုသောက်ခိုင်းပါတယ်။ ထိုအခါလူနာမှာ ကျောက်ကြောင့်အောင့်ခြင်း ကိုက်ခြင်းနာခြင်းများ သက်သာ၍ ကျောက်များထွက်ကျလာပါတော့သည်။ ကျောက်သေးရင်တော့ အမှုန့်ဖြစ်ကာ ပျော်ကျစေပါတယ်။ဆီးအိမ်ကျောက်ကပ် ဘယ်နေရာမှာပဲကျောက်ရှိရှိသည်ဆေးပင်လေးက ပျောက်ကင်းအောင် အစွမ်းထက်ကုသနိုင်ပါကြောင်း အဖိုးပေးခဲ့သောဆေးနည်းအား စေတနာဖြင့်လက်ဆင့်ကမ်းပါသည်။ ခရက်ဒစ် ###################### Unicode […]
ငါးအရိုးစူးလျှင် ချက်ချင်းသက်သာပျောက်ကင်းစေသောနည်း
လက်တွေ့ ပျောက် ကင်း လို့ ယုံယုံကြည်ကြည် နဲ့  လုပ်နေတာလေး မို့ ပါ ရှင် ငါးအရိုးစူး လျှင် ကြက်ဥ အစိမ်း သောက်ပါ။၁ စက္ကန့် အတွင်း သက်သာ ပျောက်ကင်းပါလိမ့်မယ် … ငါးအရိုးစူးလျှင်၁စက္ကန့်အတွင်းသက်သာပျောက်ကင်းစေသောနည်းငါး အရိုး စူး တာနဲ့ ပတ်သက် ပြီးခဏ ခဏ မေးနေကြလို့  ဒါလေးတင်ပေးလိုက်တာပါ… လက်တွေ့ ပျောက် ကင်း လို့ ယုံယုံကြည်ကြည် နဲ့  လုပ်နေတာလေး မို့ ပါ ရှင်. ငါးအရိုးစူး လျှင် ကြက်ဥ အစိမ်း သောက်ပါ။၁ စက္ကန့် အတွင်း သက်သာ ပျောက်ကင်းပါလိမ့်မယ် … Credit ##################### Unicode […]
ဘရာစီယာနဲ့ ချုပ်ထားတဲ့ Mask များ ဂျပန်မှာ ရေပန်းစားနေ
ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုတွေကြောင့် ကမ္ဘာအနှံ့အပြားမှာ Mask ပြတ်လပ်ခြင်းတွေ ဖြစ်ပေါ်လျက်ရှိနေပါတယ်။ ဒါကို အကောင်းဆုံးနည်းလမ်းနဲ့ အသုံးချသွားတာကတော့ ဂျပန် ကုမ္ပဏီတခု ဖြစ်ပါတယ်။ Atsumi Fashion လို့ အမည်ရတဲ့ ကုမ္ပဏီဟာ အမျိုးသမီးဝတ် ဘရာစီယာများကို Mask ပြုလုပ်ပြီး ရောင်းချခဲ့တယ်လို့ သိရပါတယ်။ ကုမ္ပဏီဟာ ဘရာစီယာကို အသုံးပြုပြီး Mask ချုပ်လုပ်မယ့် အကြံဉာဏ်ကို ဝန်ထမ်းများထံမှ ရရှိခဲ့တာဖြစ်ပြီး ဘရာစီယာမှာ ပါဝင်တဲ့ အဝတ်စတမျိုးဟာ Mask တွေ ချုပ်လုပ်ချိန်မှာ သုံးတဲ့ အဝတ်စနဲ့ တူညီနေတာကြောင့် အခုလို ချုပ်ရောင်းခဲ့တာ ဖြစ်ပါတယ်။ “ကုမ္ပဏီအနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ Mask ရှားပါးမှုတွေမှာ ကူညီချင်တာဖြစ်ပြီး ကုမ္ပဏီက ထုတ်လုပ်လိုက်တဲ့ Mask တွေဟာ ပြင်ပက ဝင်ရောက်မယ့် ဗိုင်းရပ်စ်ပိုးများကို […]
မှတ်ပုံတင်မထားတဲ့ ကဒ်တွေ ဒီလကုန်အပိတ်ခံရမည် ကိုယ်ကိုင်တဲ့ကဒ်က ကိုယ့်နာမည်နဲ့လား စစ်ပါပြဿနာဖြစ်လာရင် ရှင်းရခက်ပါတယ်နော်
မှတ်ပုံတင်မထားတဲ့ ကဒ်တွေ ဒီလကုန်အပိတ်ခံရမည်ကိုယ်ကိုင်တဲ့ကဒ်က ကိုယ့်နာမည်နဲ့လား စစ်ပါပြဿနာဖြစ်လာရင် ရှင်းရခက်ပါတယ်နော် မှတ်ပုံတင် တစ်ခုမှာ SIM Card နှစ်ခုပဲရပါမယ်အော်ပရေတာ တစ်ခုကို ရည်ရွယ်တာဖြစ်ပါတယ်ဖုန်းအော်ပရေတာ (၄) ခုရှိတာဆိုတော့SIM Card ( ၈ ) ခုလောက်တော့ ကိုင်လို့ရပါတယ် April 30 နောက်ဆုံးဆိုတော့ ကိုယ့်သူငယ်ချင်းတွေသိအောင် Share ထားလိုက်အုံးနော် ➧ SIM Card မှတ်ပုံတင်ရာတွင် လုပ်ဆောင်ရမည့်အချက်များ • Online မှ မှတ်ပုံတင်ခြင်းပြုလုပ်ရန်အတွက် သက်ဆိုင်ရာ Operator ၏ Mobile Applications, Website (သို့မဟုတ်) သက်ဆိုင်ရာ ဆက်သွယ်ရေးအော်ပရေတာ၏ အရောင်းဆိုင်များတွင် မှတ်ပုံတင်ပါ။ • မိမိ၏ အမည်ရင်း၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ်၊ နိုင်ငံခြားသားအတွက် နိုင်ငံကူးလက်မှတ်၊ ယာဉ်မောင်းလိုင်စင်အမှတ် (သို့မဟုတ်) […]
အိပ်လို့ အားရှိတယ် မထင်နဲ့ . . . ည ဘာလို့ အိပ်တုန်း ? – မဟာဗောဓိမြိုင်ဆရာတော်
အိပ်လို့ အားရှိတယ် မထင်နဲ့ ရပ်ထဲရွာထဲမှာ နေ့ခင်းနေ့လည် အိပ်ခဲကြပါတယ်။ ည ဘာလို့ အိပ်တုန်း ? အိပ်ခြင်းရဲ့အကြောင်းဟာ `အပူနဲ့အပုပ်´လေအပူနဲ့အပုပ်ဟာ သွေးကြောလေကြောထဲ ပါသွားရော၊ နေ့မှာ နေရဲ့အပူချိန် ရှိတဲ့အတွက် မွှေးညှင်းပေါက် ပွင့်နေတယ်၊ ဒီတော့ မအိပ်ချင်သေးဘူး။ ဟော – ညဦး ၆ နာရီလောက်ဆိုတော့ နေဝင်သွားပေမယ့် အပူချိန် ကျန်နေသေးတယ်၊ မွှေးညှင်းပေါက်ကလေးတွေ ရှိနေသေးတယ်။ ရှိတဲ့အပူပုပ်က ထွက်သာသေးတယ်။ ည ၉နာရီ,၁၀နာရီ ဆိုတော့ နေနဲ့တော်တော် ဝေးသွားပြီထင်တယ်။ အအေးဓာတ်ကလေး ရလာပြီ ဆိုတော့ မွှေးညှင်းပေါက်တွေပိတ်ကုန်ပြီ။ အပူအပုပ်က ဘယ်မှ ထွက်စရာမရှိတော့ အစာအိတ်ထဲကနေ ခါးဆစ်ရိုးကနေ ဖောက်ပြီး နောက်ကျောကို တက်ကရော။ ဘေးထွက်စရာ, ဖြန့်ထွက်စရာ မရှိတော့ အပေါ်ဖောက်မှာပဲလေ၊ နောက်ကျောကတဆင့် […]
ထိုင်းနိုင်ငံမှ တစ်လသားကလေးငယ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုမှ ပြန်လည်သက်သာလာ
ထိုင်းနိုင်ငံရဲ့ အသက်အငယ်ဆုံး ကိုဗစ်-၁၉ လူနာရှင်ကလေးငယ်ကို ထိုင်းဆေးဘက်ဆိုင်ရာအဖွဲ့တွေက ပြုစုကုသမှုပေးခဲ့တာကြောင့် အခုဆိုရင် ကလေးငယ်က ပြန်လည်ကောင်းမွန်လာခဲ့ပြီဖြစ်ပါတယ်။ ဆေးဘက်ဆိုင်ရာအဖွဲ့တွေ နဲ့ တခြားဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေ အနီးကပ်တိုင်ပင်ဆွေးနွေးပြီးနောက်မှာတော့ ကလေးငယ်ကို ကုသရာမှာ ဗိုင်းရပ်စ်နှိမ်နင်းရေးဆေး (၄) မျိုးကို အသုံးပြုဖို့ဆုံးဖြတ်ခဲ့ကြတယ်။ အဲ့ဒီနောက်မှာတော့ ကလေးငယ်ရဲ့ အခြေအနေက ကောင်းမွန်လာခဲ့တာဖြစ်တယ်လို့ ကလေးအထူးကုဆရာဝန် Visal Moolasart က ဆိုပါတယ်။ ဆရာဝန်တွေက ကလေးကို (၁၀) ရက်တာ ဆေးတွေတိုက်ကျွေးပြီး ဘန်ကောက်မြို့က Bamrasnaradura ကူးစက်ရောဂါအင်စတီကျု့မှာစောင့်ကြည့်ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့ဆေးဝါးတွေမှာ ဥပဒေကန့်သတ်ချက်တွေရှိနေတာကြောင့် တစ်နှစ်အောက်ကလေးငယ်တွေကို တိုက်ကျွေးရာမှာ အခက်အခဲတစ်ချို့ရှိပါတယ်။ နောက်ပြီး ကလေးငယ်တွေမှာဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါလက္ခဏာတွေက လူကြီးတွေထက်စာရင်ပိုပြီးပြင်းထန်ပါတယ်။ ဗုဒ္ဓဟူးနေ့က ထိုင်းနိုင်ငံမှာ ကူးစက်မှုအသစ် (၁၅) ခု နဲ့ သေဆုံးမှု (၁) […]
ရန်ကုန်ပြည်သူ့ဆေးရုံကြီး(ICU)ကို (၁၂၄)သိန်းတန်ဖိုးရှိ ဆေးဘက်ဆိုင်ရာ လိုအပ်တဲ့ ပစ္စည်းတွေ လှူဒါန်းခဲ့တဲ့ မေခလာ
လတ်တလေညမှာဖြစ်ပွားနေတဲ့ Covid 19 ကူးစက်ရောဂါနဲ့ပတ်သက်ပြီး ပြည်သူတွေအနုပညာရှင်တွေစုပေါင်းကာ တစ်တပ်တအား အစိုးရနဲ့အတူပါဝင်ကာ ရှေ့တန်းတိုက်စစ်မှူးတွေဖြစ်တဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကို အစွမ်းကုန်ကူညီနေကြတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း အနုပညာရှင်တွေနဲ့ ပြည်သူတွေနဲ့ပူးပေါင်းကာ ” ပြည်သူနဲ့အတူလှူကြမယ် “ဆိုတဲ့အဖွဲ့လေးကိုတည်ထောင်ထားကြတာပါ။ အနုပညာရှင်တွေဦးစီးကာ ဖွဲ့ထားတဲ့ ” ပြည်သူနဲ့အတူလှူကြမယ် “ဆိုတဲ့အဖွဲ့လေးကတော့ ဒီနေ့မှာ ရန်ကုန်ပြည့်သူ့ဆေးရုံကြီးကို ၁၂၄သိန်း တန်ဖိုးရှိအလှူတစ်ခုပြုလုပ်ခဲ့ကြောင်း နိုင်ငံကျော် ပြည့်သူအချစ်တော်အဆိုတော် မေခလာမှ ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။ မေခလာရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ “ပြည်သူနဲ့အတူ လှု ကြမယ်မှလိုအပ်တဲ့ဆေးဖက်ဆိုင်ရာများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး(lCU)သို့ လှုဒါန်းခဲ့ပါတယ် ရောဂါမှန်သမျှကင်းဝေးပြီး အမြန်ဆုံးအေးချမ်းသာယာသောဘဝကို ရကြပါစေသား”ဆိုတဲ့ စာလေးနဲ့ ဝေမျှခဲ့တာပါဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မွန်မြတ်တဲ့ အလှူဒါနအတွက် မုဒိတာပွားကာ သာဓုခေါ်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်နော်။ Credit ################## Read in UNICODE […]
ကျန်းမာရေးဝန်ထမ်းတွေအတွက် Surgical Mask အခုရေ (၉၅၀၀)ကို လှူဒါန်းခဲ့တဲ့ မေတိုးခိုင်နဲ့ ဖုန်းသီရီကျော်
ပရိသတ်တွေရဲ့ အချစ်တော် တက်သစ်စ မော်ဒယ်သရုပ်ဆောင် မေတိုးခိုင်နဲ့ ဖုန်းသီရီကျော်တို့ သူငယ်ချင်းနှစ်ယောက်ကတော့ လတ်တလောမှာ လူငယ်စွန့်ဦးတီထွင် လူငန်းရှင်များအသင်းကို Surgical Mask တွေလှူဒါန်းခဲ့ပါတယ်။ မေတိုးခိုင်နဲ့ ဖုန်းသီရိကျော်တို့ သူငယ်ချင်းနှစ်ယောက်ကတော့ သုံးဆယ့်သုံးသိန်း နှစ်သောင်း ငါးထောင် ကျပ်တိတိတန်ဖိုးရှိတဲ့ Surgical Mask အခုရေ (၉၅၀၀)ကို လှူဒါန်းပေးခဲ့တာပါ။ Covid-19 ရောဂါကာကွယ်ကုသရေးလုပ်ငန်းတွေမှာ ကိုယ်ကျိုးမငဲ့ကွက်ဘဲ ဆောင်ရွက်ပေးနေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ကူညီပေးရန် ရည်ရွယ်ချက်ပါလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင် လူငန်းရှင်များအသင်းရဲ့ Support Our Hero အစီစဉ်မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ Covid-19 တိုက်ဖျက်ရေးကဏ္ဍအသီးသီးမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် အထောက်အကူပြု လိုအပ်နေတဲ့ Surgical Mask (၉၅၀၀)ကို မေတိုးခိုင်နဲ့ ဖုန်းသီရိကျော်တို့ကလှူဒါန်းပေးခဲ့တာပါ။ ပရိသတ်တွေရဲ့ အချစ်တော် မော်ဒယ်သရုပ်ဆောင် […]